(၃) ရက်တိုင် ကျင်းပမယ့် ပြည်သူ့အချစ်တော် ဆင်မကြီး မိုမိုရဲ့ (၇၁) နှစ်ပြည့်မွေးနေ့ပွဲ

ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံး အာရှဆင်များစာရင်းတွင် ပါဝင်တဲ့ ဆင်မကြီး မိုမိုရဲ့ အသက်ကတော့ အခုဆိုရင် (၇၁) နှစ် ပြည့်ပြီပဲဖြစ်ပါတယ်။ ဒါကြောင့် မိုမိုရဲ့ အသက် (၇၁) ပြည့် မွေးနေ့ပါတီကို နို၀င်ဘာလ (၁) ရက်မှ (၃) ရက်ထိ (၃) ရက်တာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ဖျော်ဖြေရေး အစီအစဉ်များနဲ့တကွ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။  မိုမိုရဲ့ အသက် ၆၀ ပြည့် ​မွေး​နေ့မှ စပြီး နှစ်စဉ်​ သူမရဲ့ ​မွေး​နေ့ပွဲကို ကျင်းပ​လေ့ရှိခဲ့ရာ အခု (၇၁) နှစ်ပြည့် မွေးနေ့ပွဲမှာတော့ – – မိုမိုအတွက် မွေးနေ့အလှူ အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း (၃.၁၁.၂၀၂၄ ရက်၊ မနက် ၆ နာရီ) – […]