အချိန်ကာလပေါ်မူတည်ပြီးတော့ ရာသီဥတုပဲ ပြောင်းလဲနေတာမဟုတ်ပါဘူး။ ရာသီဥတုနဲ့အတူ အနေအထိုင်အစားအသောက်တွေကလည်း တပြေးညီ ပြောင်းလဲနေပါတယ်။ ခေတ်ရေစီးကြောင်းနဲ့ စီးမျောနေကြတဲ့ သူတွေဖြစ်တာနဲ့အညီ Trend နောက်ကိုလိုက်ပြီး ဝတ်စားဆင်ယင်ပုံတွေက ဆန်းသစ်လာကြပါတယ်။ ဖက်ရှင်ဆိုတာက အချိန်ကာလတစ်ခု၊ နေရာတစ်ခုနဲ့ သီးခြားအခြေအနေတွေမှာ မိမိကိုယ်ကို ပေါ်လွင်အောင်ဖော်ပြခြင်း ပုံစံတစ်ခုဖြစ်ပါတယ်။ အဝတ်အစား၊ ဖိနပ်၊ လူနေမှုပုံစံ၊ အသုံးအဆောင်ပစ္စည်းများ၊ မိတ်ကပ်၊ ဆံပင်နဲ့ ကိုယ်ခန္ဓာကိုယ်ဟန်အနေအထားစတာတွေကို ခေတ်ရေစီးကြောင်းအပေါ် လိုက်ပြီး ပြောင်းလဲဝတ်ဆင်နေတာတွေကို ဆိုလိုပါတယ်။ မြန်မာနိုင်ငံမှာ နွေ၊ မိုး၊ ဆောင်းဆိုပြီး ရာသီသုံးမျိုးရှိပါတယ်။ လူအများစုက ရာသီဥတုလေးအေးနေတာကို ကြိုက်ကြပြီး အဝတ်ထူထူလေးတွေဝတ်ရတာ သဘောကျကြပါတယ်။ ဒါပေမယ့် ဘယ်ရာသီရောက်ရောက် ပူတာများပါတယ်။ မိုးရာသီဆိုရင်တော့ မိုးရေကြောင့် အဝတ်အစားဝတ်ဖို့က နဲနဲရွေးချယ်ရခက်ပါတယ်။ မိုးရွာလို့ အပြင်မှာအေးနေပေမယ့် Bus ဘာညာစီးတဲ့အခါ လူအငွေ့နဲ့ ပူနေတတ်ပါတယ်။ […]
အမျိုးသမီးတွေရဲ့ ဘဝမှာ အသိနောက်ကျလို့မဖြစ်တဲ့ ရောဂါတွေထဲမှာ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတို့က ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရင်သားကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျအောင် ကာကွယ်ပေးနိုင်တဲ့ အသီးအရွက်တွေကို မျှဝေပေးလိုက်ပါတယ်။ ၁။ နနွင်းပင် နနွင်းမှုန့်ဟာ အဆုတ်ကနေ ဖြန့်ဆင်းလာတဲ့ ရင်သားကင်ဆာအမြစ်တွေကို မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်လို့ နေ့စဉ် ပုံမှန် တစ်ဇွန်းခန့် သုံးဆောင်ပေးသင့်ပါတယ်။ မြန်မာတွေက ဟင်းချက်တဲ့အခါမှာလည်း နနွင်းမှုန့် ထည့်ချက်တတ်ကြလို့ ရင်သားကင်ဆာကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။ ၂။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးမှာ ပါတဲ့ Lycopene ဓာတ်ဟာ ရင်သားကင်ဆာကို တိုက်ဖျက်နိုင်သလို တခြား ကျန်းမာရေး ကောင်းကျိုးတွေလည်း အများကြီး ရှိပါသေးတယ်။ ၃။ ပန်းသီး အသီးထဲမှာ ပန်းသီးအပြင် ဘယ်ရီသီးတွေကလည်း ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အကောင်းဆုံး […]