အချိန်ကာလပေါ်မူတည်ပြီးတော့ ရာသီဥတုပဲ ပြောင်းလဲနေတာမဟုတ်ပါဘူး။ ရာသီဥတုနဲ့အတူ အနေအထိုင်အစားအသောက်တွေကလည်း တပြေးညီ ပြောင်းလဲနေပါတယ်။ ခေတ်ရေစီးကြောင်းနဲ့ စီးမျောနေကြတဲ့ သူတွေဖြစ်တာနဲ့အညီ Trend နောက်ကိုလိုက်ပြီး ဝတ်စားဆင်ယင်ပုံတွေက ဆန်းသစ်လာကြပါတယ်။ ဖက်ရှင်ဆိုတာက အချိန်ကာလတစ်ခု၊ နေရာတစ်ခုနဲ့ သီးခြားအခြေအနေတွေမှာ မိမိကိုယ်ကို ပေါ်လွင်အောင်ဖော်ပြခြင်း ပုံစံတစ်ခုဖြစ်ပါတယ်။ အဝတ်အစား၊ ဖိနပ်၊ လူနေမှုပုံစံ၊ အသုံးအဆောင်ပစ္စည်းများ၊ မိတ်ကပ်၊ ဆံပင်နဲ့ ကိုယ်ခန္ဓာကိုယ်ဟန်အနေအထားစတာတွေကို ခေတ်ရေစီးကြောင်းအပေါ် လိုက်ပြီး ပြောင်းလဲဝတ်ဆင်နေတာတွေကို ဆိုလိုပါတယ်။ မြန်မာနိုင်ငံမှာ နွေ၊ မိုး၊ ဆောင်းဆိုပြီး ရာသီသုံးမျိုးရှိပါတယ်။ လူအများစုက ရာသီဥတုလေးအေးနေတာကို ကြိုက်ကြပြီး အဝတ်ထူထူလေးတွေဝတ်ရတာ သဘောကျကြပါတယ်။ ဒါပေမယ့် ဘယ်ရာသီရောက်ရောက် ပူတာများပါတယ်။ မိုးရာသီဆိုရင်တော့ မိုးရေကြောင့် အဝတ်အစားဝတ်ဖို့က နဲနဲရွေးချယ်ရခက်ပါတယ်။ မိုးရွာလို့ အပြင်မှာအေးနေပေမယ့် Bus ဘာညာစီးတဲ့အခါ လူအငွေ့နဲ့ ပူနေတတ်ပါတယ်။ […]