ဗိုက်ထဲ အစာ မရှိတဲ့အချိန်မှာ လုံ၀ မစားသင့်တဲ့ အစားအသောက် (၁၀) မျိုး

ဗိုက်ထဲမှာ အစာမရှိလို့ သံစုံထွက်ပြီး ဆာလောင်နေချိန်မှာ ဘယ်အစားအစာပဲဖြစ်ဖြစ် စားမယ်ဆိုတဲ့ အတွေးမျိုး တွေးမိနေရင် ပြင်ဖို့လိုပါပြီ။ အစာအိမ်ထဲ ဘာအစာမှ မရှိချိန် မစားသင့်တာတွေ စားမိရင် ဗိုက်အောင့်ရာက စလို့ ဆီးချိုရောဂါ၊ နှလုံးရောဂါအထိပါ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ဘယ်လိုအစားအစာတွေကို ရှောင်သင့်လဲဆိုတာ လေ့လာကြည့်ရအောင်ပါ။ ၁။ တဆေးပါသောမုန့်များ ဂျုံမှုန့်၊ ထောပတ်၊ တဆေးတို့နဲ့ ပြုလုပ်ထားတဲ့ မုန့်တွေဟာ အစာအမ် အတွင်းနံရံကို ကျိန်းစပ်စေပြီး လေပွတာတို့၊ ဝမ်းဖောဝမ်းရောင်တို့ ဖြစ်စေနိုင်ပါတယ်။ ၂။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးဟာ အစာအိမ်အတွင်း အက်စစ်ဓာတ် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် အစာမရှိချိန်မှာ စားလိုက်ရင် ရင်ပူရင်ဆာ ဖြစ်စေနိုင်ပါတယ်။ ၃။ ဟင်းသီးဟင်းရွက်အစိမ်းများ ဟင်းသီးဟင်းရွက်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အကျိုးပြု အမျှင်ဓာတ် ကြွယ်ဝပေမဲ့ […]

ရင်သားကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ အသီးအရွက် (၈) မျိုး

အမျိုးသမီးတွေရဲ့ ဘဝမှာ အသိနောက်ကျလို့မဖြစ်တဲ့ ရောဂါတွေထဲမှာ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတို့က ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရင်သားကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျအောင် ကာကွယ်ပေးနိုင်တဲ့ အသီးအရွက်တွေကို မျှဝေပေးလိုက်ပါတယ်။  ၁။ နနွင်းပင် နနွင်းမှုန့်ဟာ အဆုတ်ကနေ ဖြန့်ဆင်းလာတဲ့ ရင်သားကင်ဆာအမြစ်တွေကို မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်လို့ နေ့စဉ် ပုံမှန် တစ်ဇွန်းခန့် သုံးဆောင်ပေးသင့်ပါတယ်။ မြန်မာတွေက ဟင်းချက်တဲ့အခါမှာလည်း နနွင်းမှုန့် ထည့်ချက်တတ်ကြလို့ ရင်သားကင်ဆာကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။  ၂။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးမှာ ပါတဲ့ Lycopene ဓာတ်ဟာ ရင်သားကင်ဆာကို တိုက်ဖျက်နိုင်သလို တခြား ကျန်းမာရေး ကောင်းကျိုးတွေလည်း အများကြီး ရှိပါသေးတယ်။ ၃။ ပန်းသီး အသီးထဲမှာ ပန်းသီးအပြင် ဘယ်ရီသီးတွေကလည်း ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အကောင်းဆုံး […]