ထိပ်တန်းကုမ္ပဏီ (၆၅) ခု ပါဝင်မယ့် မြန်မာနိုင်ငံရဲ့ အကြီးဆုံး အလုပ်အကိုင်ပြပွဲကြီး

JobNet Myanmar မှ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အလုပ်အကိုင်ပြပွဲကြီး JobNATION 2024 ကို လာမယ့် မေလ (၁၈) ရက်နေ့၊ စနေနေ့မှာ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကိုယ်ဝါသနာပါတဲ့ Career တစ်ခုကို ရွေးချယ်အစပြုချင်တယ်ဆိုရင် ဒါမှမဟုတ် အခွင့်အလမ်းပိုရမယ့် အလုပ်အကိုင်အသစ်ကို ရှာဖွေချင်တယ်ဆိုရင် သွားကိုသွားသင့်တဲ့ ပွဲတစ်ခုပါ။  JobNATION 2024 မှာ ပြည်တွင်းနှင့် နိုင်ငံတကာအခြေစိုက် ထိပ်တန်းကုမ္ပဏီပေါင်း ၆၅ ခုမှ အလုပ်ခေါ်ယူသွားမှာဖြစ်ပါတယ်။ အလုပ်အကိုင်ပြပွဲကြီးမှာ အသင့်တော်ဆုံး ဝန်ထမ်းတွေကို ရှာဖွေနေတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီတွေမှ HR မန်နေဂျာတွေ၊ ဒါရိုက်တာတွေနဲ့ တိုက်ရိုက်တွေ့ဆုံနိုင်မယ့် အခွင့်အရေးရှိပါတယ်။ Sales, Banking, Insurance, Business Development, Accounting, Marketing, Engineering, […]

သင့် အသားအရောင်အလိုက် ဘယ်လို အရောင်လေးတွေ ရွေးချယ်ဝတ်သင့်လဲ?

ပျိုမေတို့ရဲ့ အလှတွေကို ပေါ်လွင်အောင် ဝတ်ဆင်ဖို့ဆိုရင် အရမ်းအရေးကြီးတဲ့အရာတစ်ခုကတော့ အရောင်ရွေးချယ်မှု မှန်ကန်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်အသားအရောင်ကို လိုက်ပြီး အင်္ကျီအရောင်ကို ရွေးချယ် ဝတ်ဆင်လိုက်တဲ့အခါ ပျိုမေတို့ရဲ့ အလှက ပိုပြီးပေါ်လွင်သွားစေမှာပါ။ ခုဖော်ပြပေးမှာကတော့ ပျိုမေတို့ရဲ့ အသားအရောင်အပေါ် မူတည်ပြီး ရွေးချယ်သင့်တဲ့ အဝတ်အစားအရောင်တွေပဲဖြစ်ပါတယ်။ (၁) အသားဖြူသူများ အသားဖြူတဲ့ ပျိုမေတို့အနေနဲ့ ဘာအရောင်ပဲ ဝတ်ဝတ် လှတယ်လို့တော့ မထင်စေချင်ပါဘူး။ နက်ပြာရောင်၊ ကျောက်စိမ်းရောင်၊ အညိုရောင်၊ အနီရောင် ကဲ့သို့သော အရောင်ရင့်ရင့် (Dark Colors) တွေက အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ အရောင်ဖျော့ဖျော့တွေ၊ ကာကီရောင်နဲ့ အဖြူရောင်တွေကတော့ အသားဖြူတဲ့ ပျိုမေတို့နဲ့ မလိုက်ဖက်ပါဘူးနော်။ (၂) အသားလတ်သူများ အသားလတ်တဲ့သူတွေကတော့ အရောင်တိုင်းလိုလိုနဲ့ လိုက်ဖက်တယ်လို့ ထင်ရပေမဲ့ တကယ်တော့ အရောင်ရွေးချယ်တဲ့အခါ သတိထားဖို့ […]

ကျန်းမာရေးအတွက် လုံးဝ လျစ်လျူမရှူသင့်တဲ့ ရောဂါလက္ခဏာ (၅) ချက်

ဘာမှမဖြစ်လောက်ပါဘူးလို့ ရိုးရိုးထင်ထားတဲ့ ရောဂါလက္ခဏာတွေရဲ့နောက်မှာ ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့ ရောဂါအခြေအနေတွေ ဖြစ်ပေါ်နေတတ်ပါတယ်။ ဒါကြောင့် ကျန်းမာပြီး အသက်ရှည်ရှည် နေထိုင်ချင်တယ်ဆိုရင် အောက်မှာ ဖော်ပြပေးထားတဲ့ လက္ခဏာတွေ မကြာခဏဖြစ်တာနဲ့ နီးစပ်ရာဆေးခန်းသွားပြီး ကျွမ်းကျင်ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင် ကုသဖို့ လိုလာပါပြီ။  ၁။ ရင်ဘတ်နာခြင်း ရင်ဘတ်နာခြင်း၊ ချွေးများထွက်ခြင်း၊ အသက်ရှူခက်ခဲလာခြင်း၊ မအီမသာ ပျို့အန်ခြင်းစတဲ့ ရောဂါလက္ခဏာစုတွေ ဖြစ်ပေါ်လာတာနဲ့ ဆေးရုံဆေးခန်းကို ချက်ခြင်းသွားသင့်ပါတယ်။ ရုတ်တရက် နှလုံးအောင့်ခြင်းဟာ သွေးခဲများ သင့်အဆုတ်အတွင်းသို့ ရောက်နေလို့ ရုတ်တရတ် နာကျင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ရင်ဘတ်က ပြင်းပြင်းထန်ထန်နာကျင်ပြီး ပျောက်သွားတယ်၊ ပြီးရင် ပြန်လည်နာကျင်လာမယ်ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းသို့ ချက်ခြင်းသွားသင့်ပါတယ်။ ၂။ လက်များနှင့် ခြေထောက်များအားနည်းခြင်း။ သင့်ရဲ့လက်တွေ၊ ခြေထောက်နဲ့ မျက်နှာတွေ ထုံကျင်နေတယ်ဆိုရင် ဒီလက္ခဏာတွေဟာ […]

ချိုင်းကြား ပေါင်ကြားက အမဲကြောင်းတွေ ပျောက်အောင် လုပ်နည်း (၇) နည်း

ဂါဝန်တိုတိုလေးဝတ်ပြီး အပြင်သွားချင်ရင်၊ ကမ်းခြေမှာ ဘီကီနီဝတ်ပြီး လန်းချင်ရင်၊ လက်ပြတ်အင်္ကျီလေး ဝတ်ချင်ရင် ပေါင်ကြား၊ ချိုင်းကြား၊ တံတောင်ဆစ်နဲ့ ဒကောက်ကွေး (ဒူးအနောက်ဖက်) ကြားက အမဲကြောင်းတွေက အလှဖျက်နေတဲ့အခါ သိပ်စိတ်ညစ်ရပါတယ်။ ဒီလိုအမဲကြောင်းတွေက ပွတ်တိုက်ပွန်းရှမှုတွေ၊ ဆဲလ်သေတွေနဲ့ နေလောင်ဒဏ်ကြောင့် ဖြစ်လာရတာပါ။ ဒါကြောင့် ကိုယ့်ရဲ ခြေတံလှလှလေးတွေနဲ့ လက်မောင်းသွယ်သွယ်လေးတွေကို ယုံကြည်မှုအပြည့်နဲ့ ဖော်ပြနိုင်ဖို့အတွက် နည်းလမ်းလေးတွေ ရှိနေပါသေးတယ်။ ဒီနည်းလမ်းလေးတွေကို ဂုတ်မဲနေတာမျိုးရှိရင်လည်း အသုံးပြုလို့ ရပါတယ်။  ၁။ ရှားစောင်းလက်ပတ် ရှားစောင်းလက်ပတ်ရဲ့ အတွင်းသားဂျယ်လ်ကို ဇွန်းနဲ့ ခြစ်ပြီး မဲနေတဲ့နေရာလေးတွေကို ပွတ်လိမ်းပိုင်းပါ။ ပြီးရင် ၁၅ မိနစ် – မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပါ။ ရှားစောင်းလက်ပတ်က နေလောင်ထားတဲ့အသားအရေနဲ့ အမာရွတ်ကို သက်သာပျောက်ကင်းစေပါတယ်။ အရေပြား အစိုဓာတ်ကိုလည်း […]

လူငယ်အများစု ဖြစ်လေ့ရှိတဲ့ ညဘက်အိပ်မပျော်ခြင်း ပြဿနာကို ဘယ်လိုကုစားမလဲ

အခုခေတ်လူငယ်တွေကြားထဲ ညအိပ်မပျော်တာဟာ လူငယ်တော်တော်များများ ကြုံလေ့ရှိတဲ့ အရာတစ်ခုလို ဖြစ်လာပါတယ်။ ညဘက် မအိပ်တဲ့ အကြောင်းအရင်းတွေကတော့ အမျိုးမျိုး ရှိကြမှာပါ။ ညဘက်တွေမှာ ဂိမ်းဆော့နေလို့ ဖြစ်စေ၊ မနက်အကြာကြီး အိပ်မိလို့ ညဘက် အိပ်မပျော်လို့ဘဲ ဖြစ်စေ၊ Social Media တွေကို လွန်လွန်ကြူးကြူး အသုံးပြုနေတာကြောင့် ဖြစ်စေ၊ စသဖြင့် အကြောင်းပြချက်များစွာနဲ့ ညဘက်တွေ မအိပ်ဖြစ်တာ များလာပြီး နောက်ပိုင်း မျက်လုံးက အကျင့်ပါသွားတာမျိုး တော်တော်များများ ဖြစ်လာကြပါတယ်။ ဒီလိုဖြစ်လာရာကနေ Insomnia လို့ခေါ်တဲ့ အိပ်မပျော်တဲ့ ပြဿနာတွေ ပုံမှန်ထက်ကို များပြားလာပါတယ်။ အရင်က ဆက်တိုက် ညမအိပ်ထားတဲ့ အကျင့်ကြောင့် အိပ်ချိန်ရောက်လာရင်တောင် အိပ်လို့မရတာ၊ အိပ်ချင်ပေမယ့် မအိပ်နိုင်တာ၊ အိပ်ပျော်ဖို့ ပုံမှန်ထက်ပိုပြီး ကြိုးစားနေရတာ စတာတွေ ဖြစ်လာကြပါတယ်။ ဒီလိုမျိုး ညဘက် […]

နွေရာသီကနေ မိုးရာသီအကူးအပြောင်းမှာ ဝတ်ဆင်သင့်တဲ့ Fashion များ

အချိန်ကာလပေါ်မူတည်ပြီးတော့ ရာသီဥတုပဲ ပြောင်းလဲနေတာမဟုတ်ပါဘူး။ ရာသီဥတုနဲ့အတူ အနေအထိုင်အစားအသောက်တွေကလည်း တပြေးညီ ပြောင်းလဲနေပါတယ်။ ခေတ်ရေစီးကြောင်းနဲ့ စီးမျောနေကြတဲ့ သူတွေဖြစ်တာနဲ့အညီ Trend နောက်ကိုလိုက်ပြီး ဝတ်စားဆင်ယင်ပုံတွေက ဆန်းသစ်လာကြပါတယ်။ ဖက်ရှင်ဆိုတာက အချိန်ကာလတစ်ခု၊ နေရာတစ်ခုနဲ့ သီးခြားအခြေအနေတွေမှာ မိမိကိုယ်ကို ပေါ်လွင်အောင်ဖော်ပြခြင်း ပုံစံတစ်ခုဖြစ်ပါတယ်။ အဝတ်အစား၊ ဖိနပ်၊ လူနေမှုပုံစံ၊ အသုံးအဆောင်ပစ္စည်းများ၊ မိတ်ကပ်၊ ဆံပင်နဲ့ ကိုယ်ခန္ဓာကိုယ်ဟန်အနေအထားစတာတွေကို ခေတ်ရေစီးကြောင်းအပေါ် လိုက်ပြီး ပြောင်းလဲဝတ်ဆင်နေတာတွေကို ဆိုလိုပါတယ်။ မြန်မာနိုင်ငံမှာ နွေ၊ မိုး၊ ဆောင်းဆိုပြီး ရာသီသုံးမျိုးရှိပါတယ်။ လူအများစုက ရာသီဥတုလေးအေးနေတာကို ကြိုက်ကြပြီး အဝတ်ထူထူလေးတွေဝတ်ရတာ သဘောကျကြပါတယ်။ ဒါပေမယ့် ဘယ်ရာသီရောက်ရောက် ပူတာများပါတယ်။ မိုးရာသီဆိုရင်တော့ မိုးရေကြောင့် အဝတ်အစားဝတ်ဖို့က နဲနဲရွေးချယ်ရခက်ပါတယ်။ မိုးရွာလို့ အပြင်မှာအေးနေပေမယ့် Bus ဘာညာစီးတဲ့အခါ လူအငွေ့နဲ့ ပူနေတတ်ပါတယ်။ […]

ဗိုက်ထဲ အစာ မရှိတဲ့အချိန်မှာ လုံ၀ မစားသင့်တဲ့ အစားအသောက် (၁၀) မျိုး

ဗိုက်ထဲမှာ အစာမရှိလို့ သံစုံထွက်ပြီး ဆာလောင်နေချိန်မှာ ဘယ်အစားအစာပဲဖြစ်ဖြစ် စားမယ်ဆိုတဲ့ အတွေးမျိုး တွေးမိနေရင် ပြင်ဖို့လိုပါပြီ။ အစာအိမ်ထဲ ဘာအစာမှ မရှိချိန် မစားသင့်တာတွေ စားမိရင် ဗိုက်အောင့်ရာက စလို့ ဆီးချိုရောဂါ၊ နှလုံးရောဂါအထိပါ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ဘယ်လိုအစားအစာတွေကို ရှောင်သင့်လဲဆိုတာ လေ့လာကြည့်ရအောင်ပါ။ ၁။ တဆေးပါသောမုန့်များ ဂျုံမှုန့်၊ ထောပတ်၊ တဆေးတို့နဲ့ ပြုလုပ်ထားတဲ့ မုန့်တွေဟာ အစာအမ် အတွင်းနံရံကို ကျိန်းစပ်စေပြီး လေပွတာတို့၊ ဝမ်းဖောဝမ်းရောင်တို့ ဖြစ်စေနိုင်ပါတယ်။ ၂။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးဟာ အစာအိမ်အတွင်း အက်စစ်ဓာတ် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် အစာမရှိချိန်မှာ စားလိုက်ရင် ရင်ပူရင်ဆာ ဖြစ်စေနိုင်ပါတယ်။ ၃။ ဟင်းသီးဟင်းရွက်အစိမ်းများ ဟင်းသီးဟင်းရွက်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အကျိုးပြု အမျှင်ဓာတ် ကြွယ်ဝပေမဲ့ […]

ရင်သားကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ အသီးအရွက် (၈) မျိုး

အမျိုးသမီးတွေရဲ့ ဘဝမှာ အသိနောက်ကျလို့မဖြစ်တဲ့ ရောဂါတွေထဲမှာ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတို့က ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရင်သားကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျအောင် ကာကွယ်ပေးနိုင်တဲ့ အသီးအရွက်တွေကို မျှဝေပေးလိုက်ပါတယ်။  ၁။ နနွင်းပင် နနွင်းမှုန့်ဟာ အဆုတ်ကနေ ဖြန့်ဆင်းလာတဲ့ ရင်သားကင်ဆာအမြစ်တွေကို မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်လို့ နေ့စဉ် ပုံမှန် တစ်ဇွန်းခန့် သုံးဆောင်ပေးသင့်ပါတယ်။ မြန်မာတွေက ဟင်းချက်တဲ့အခါမှာလည်း နနွင်းမှုန့် ထည့်ချက်တတ်ကြလို့ ရင်သားကင်ဆာကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။  ၂။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးမှာ ပါတဲ့ Lycopene ဓာတ်ဟာ ရင်သားကင်ဆာကို တိုက်ဖျက်နိုင်သလို တခြား ကျန်းမာရေး ကောင်းကျိုးတွေလည်း အများကြီး ရှိပါသေးတယ်။ ၃။ ပန်းသီး အသီးထဲမှာ ပန်းသီးအပြင် ဘယ်ရီသီးတွေကလည်း ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အကောင်းဆုံး […]

(၃) ရက်တိုင် ကျင်းပမယ့် ပြည်သူ့အချစ်တော် ဆင်မကြီး မိုမိုရဲ့ (၇၁) နှစ်ပြည့်မွေးနေ့ပွဲ

ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံး အာရှဆင်များစာရင်းတွင် ပါဝင်တဲ့ ဆင်မကြီး မိုမိုရဲ့ အသက်ကတော့ အခုဆိုရင် (၇၁) နှစ် ပြည့်ပြီပဲဖြစ်ပါတယ်။ ဒါကြောင့် မိုမိုရဲ့ အသက် (၇၁) ပြည့် မွေးနေ့ပါတီကို နို၀င်ဘာလ (၁) ရက်မှ (၃) ရက်ထိ (၃) ရက်တာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ဖျော်ဖြေရေး အစီအစဉ်များနဲ့တကွ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။  မိုမိုရဲ့ အသက် ၆၀ ပြည့် ​မွေး​နေ့မှ စပြီး နှစ်စဉ်​ သူမရဲ့ ​မွေး​နေ့ပွဲကို ကျင်းပ​လေ့ရှိခဲ့ရာ အခု (၇၁) နှစ်ပြည့် မွေးနေ့ပွဲမှာတော့ – – မိုမိုအတွက် မွေးနေ့အလှူ အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း (၃.၁၁.၂၀၂၄ ရက်၊ မနက် ၆ နာရီ) – […]