နွေရာသီကနေ မိုးရာသီအကူးအပြောင်းမှာ ဝတ်ဆင်သင့်တဲ့ Fashion များ

0 minutes, 2 seconds Read

အချိန်ကာလပေါ်မူတည်ပြီးတော့ ရာသီဥတုပဲ ပြောင်းလဲနေတာမဟုတ်ပါဘူး။ ရာသီဥတုနဲ့အတူ အနေအထိုင်အစားအသောက်တွေကလည်း တပြေးညီ ပြောင်းလဲနေပါတယ်။ ခေတ်ရေစီးကြောင်းနဲ့ စီးမျောနေကြတဲ့ သူတွေဖြစ်တာနဲ့အညီ Trend နောက်ကိုလိုက်ပြီး ဝတ်စားဆင်ယင်ပုံတွေက ဆန်းသစ်လာကြပါတယ်။

ဖက်ရှင်ဆိုတာက အချိန်ကာလတစ်ခု၊ နေရာတစ်ခုနဲ့ သီးခြားအခြေအနေတွေမှာ မိမိကိုယ်ကို ပေါ်လွင်အောင်ဖော်ပြခြင်း ပုံစံတစ်ခုဖြစ်ပါတယ်။ အဝတ်အစား၊ ဖိနပ်၊ လူနေမှုပုံစံ၊ အသုံးအဆောင်ပစ္စည်းများ၊ မိတ်ကပ်၊ ဆံပင်နဲ့ ကိုယ်ခန္ဓာကိုယ်ဟန်အနေအထားစတာတွေကို ခေတ်ရေစီးကြောင်းအပေါ် လိုက်ပြီး ပြောင်းလဲဝတ်ဆင်နေတာတွေကို ဆိုလိုပါတယ်။

May be an image of 3 people, people standing and outerwear
No photo description available.
No photo description available.

မြန်မာနိုင်ငံမှာ နွေ၊ မိုး၊ ဆောင်းဆိုပြီး ရာသီသုံးမျိုးရှိပါတယ်။ လူအများစုက ရာသီဥတုလေးအေးနေတာကို ကြိုက်ကြပြီး အဝတ်ထူထူလေးတွေဝတ်ရတာ သဘောကျကြပါတယ်။ ဒါပေမယ့် ဘယ်ရာသီရောက်ရောက် ပူတာများပါတယ်။

No photo description available.
No photo description available.

မိုးရာသီဆိုရင်တော့ မိုးရေကြောင့် အဝတ်အစားဝတ်ဖို့က နဲနဲရွေးချယ်ရခက်ပါတယ်။ မိုးရွာလို့ အပြင်မှာအေးနေပေမယ့် Bus ဘာညာစီးတဲ့အခါ လူအငွေ့နဲ့ ပူနေတတ်ပါတယ်။ အဝတ်အထူတွေ မိုးရေစိုခဲ့ရင်လည်း နေရထိုင်ရတာ အဆင်မပြေတော့ပါဘူး။

No photo description available.
No photo description available.

မိုးရွာတိုင်း ရေနဲ့ထိတွေ့နေရမှာဖြစ်တဲ့အတွက် အဝတ်အစားက တော်တော်စဉ်းစားစရာပါ။ ဒါ့ကြောင့် မိုးတွင်းမှာ ပေါ့ပေါ့ပါးပါး Freestyle လေးတွေကို များများရွေးချယ်သင့်ပါတယ်။ မိုးတွင်းမှာ အဖြူဝတ်မယ်ဆိုရင် နဲနဲဂရုစိုက်ရပါမယ်။ မိုးရေထိထားတဲ့ အင်္ကျီအဖြူတွေက ဖားဥဆွဲတတ်ပါတယ်။

No photo description available.
No photo description available.

တကယ်တော့ Trend ဆိုတာက များသောအားဖြင့် ခေတ်နောက်ပြန်ဆွဲနေသလိုမျိုးပါပဲ။ ဘာလို့ဆို တချိန်ကရှေ့မှာခေတ်စားခဲ့တဲ့ ပုံစံတွေက အချိန်တစ်ခုရောက်တဲ့အခါ ပြန်ဝတ်ဆင်လာကြပြီး ခေတ်ပြန်စားလာတာဖြစ်လို့ပါ။ လူတွေပြုလုပ်တဲ့ Trend ဆိုလည်းမမှားပါဘူး။ မိုးရာသီရောက်ရင် အရင်မိုးရာသီက ဒီဇိုင်းတွေက ပြန်ဝတ်ဆင်လာပြီး Trend ဖြစ်လာတာမျိုးပါ။ 

No photo description available.
No photo description available.

ဒါပေမယ့် အဝတ်အစားက အမြဲဝတ်ဆင်နေရတဲ့အတွက် ရွေးချယ်တဲ့နေရာမှာတော့ အချိန်ပေးစဉ်းစားသင့်ပါတယ်။ ဒါ့ကြောင့် လုံလုံခြုံခြုံနဲ့ အလန်းစား ဖက်ရှင်ဖြစ်ဖို့အတွက် သေချာရွေးချယ်ဖို့ အရေးကြီးပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *