သင့် အသားအရောင်အလိုက် ဘယ်လို အရောင်လေးတွေ ရွေးချယ်ဝတ်သင့်လဲ?

0 minutes, 1 second Read

ပျိုမေတို့ရဲ့ အလှတွေကို ပေါ်လွင်အောင် ဝတ်ဆင်ဖို့ဆိုရင် အရမ်းအရေးကြီးတဲ့အရာတစ်ခုကတော့ အရောင်ရွေးချယ်မှု မှန်ကန်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်အသားအရောင်ကို လိုက်ပြီး အင်္ကျီအရောင်ကို ရွေးချယ် ဝတ်ဆင်လိုက်တဲ့အခါ ပျိုမေတို့ရဲ့ အလှက ပိုပြီးပေါ်လွင်သွားစေမှာပါ။

ခုဖော်ပြပေးမှာကတော့ ပျိုမေတို့ရဲ့ အသားအရောင်အပေါ် မူတည်ပြီး ရွေးချယ်သင့်တဲ့ အဝတ်အစားအရောင်တွေပဲဖြစ်ပါတယ်။

(၁) အသားဖြူသူများ

အသားဖြူတဲ့ ပျိုမေတို့အနေနဲ့ ဘာအရောင်ပဲ ဝတ်ဝတ် လှတယ်လို့တော့ မထင်စေချင်ပါဘူး။ နက်ပြာရောင်၊ ကျောက်စိမ်းရောင်၊ အညိုရောင်၊ အနီရောင် ကဲ့သို့သော အရောင်ရင့်ရင့် (Dark Colors) တွေက အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ အရောင်ဖျော့ဖျော့တွေ၊ ကာကီရောင်နဲ့ အဖြူရောင်တွေကတော့ အသားဖြူတဲ့ ပျိုမေတို့နဲ့ မလိုက်ဖက်ပါဘူးနော်။

(၂) အသားလတ်သူများ

အသားလတ်တဲ့သူတွေကတော့ အရောင်တိုင်းလိုလိုနဲ့ လိုက်ဖက်တယ်လို့ ထင်ရပေမဲ့ တကယ်တော့ အရောင်ရွေးချယ်တဲ့အခါ သတိထားဖို့ လိုပါတယ်။ အလိုက်ဖက်ဆုံးအရောင်တွေကတော့ နို့နှစ်ရောင်၊ ပန်းဆီရောင်၊ အဖြူရောင်နဲ့ Warm Color အားလုံးနီးပါး ဖြစ်ပါတယ်။ အညိုရောင်၊ ကော်ဖီရောင်နဲ့ အရောင်ဖျော့တဲ့အဝတ်အစားတွေကိုတော့ မရွေးသင့်ပါဘူး။

(၃) အသားညိုသူများ

အသားညိုတဲ့သူတွေကတော့ ဘယ်အရောင်နဲ့မဆို လိုက်ဖက်တာကြောင့် အထူးတလည် ရွေးစရာမရှိပါဘူး။ ဒါပေမဲ့ အညိုရောင်၊ သင့်ရဲ့အသားအရောင်နဲ့ နီးစပ်တဲ့ အရောင်တွေကိုတော့ ရှောင်ပေးပါ။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *